Saturday, September 27, 2014

iPhone အကြောင်း [Jailbreak and Unlock and others]

iPhone အကြောင်း [Jailbreak and Unlock and others]

ဒီ Blog ကိုရေးဖို့လုပ်နေတာတော့ တော်တော်ကြာပြီ၊ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဘူး
အခုတော့ စရေးလိုက်ပြီ။

စရေးသင့်တယ့်အကြောင်းကတော့ iPhone Jailbreak နဲ့ Unlock အကြောင်းဖြစ်မယ်။
သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေက iPhone အကြောင်းခဏခဏမေးကြတယ်။
ဘယ်လို Jailbreak လုပ်မလဲ၊ ဘယ်လို Unlock လုပ်မလဲ စသဖြင့်ပေါ့။ ဒီတော့ နားလည်ရလွယ်အောင် နည်းနည်းလေး မြန်မာလိုကြိုးစားကြည့်လိုက်တာပါ။

အကုန်လုံးနီးပါးကို အစအစုံးကိုယ်တိုင်လုပ်ဖို့မလွယ်တော့ တစ်ချို့ကို နာမည်ကြီး Tutorial Website တွေကနေ ဘာသာပြန်သဘောမျိုး ပြုလုပ်ပါမယ်။ ကိုယ်တိုင်ကိုယ်ကျ Original Post ကိုကြည့်ချင်သူတွေအတွက် Original Post Link ကို တတ်နိုင်သလောက် ထည့်သွားပေးပါမယ်။

What is iPhone with me and Myanmar Community I know
Apple Company က iPhone စလုပ်တော့မယ်လို့ သတင်းထွက်လာတော့ လူတော်တော်များများက ကိုယ့်အထင်နဲ့ကိုယ်ပေါ့၊ တစ်ချို့ကတော့ အထင်ကိုမကြီးဘူး။ တစ်ချို့ကတော့ တော်တော်လေးမျှော်လင့်ကြတယ်။ တစ်ချို့ကတော့ စောင့်ကြည့်မယ်ပေါ့။ ကျွန်တော်လည်း နဂိုကတော့ သိပ်အထင်မကြီးဘူး။ Singapore မှာနေလာတာကြာတော့ ဖုန်း Contract လေးပြည့်သွားရင်၊ Nokia လဲလိုက် Sony Ericsson လဲလိုက်နဲ့ပေါ့။

တစ်နေ့ [လွန်ခဲ့တဲ့ ၃ နှစ်လောက်ကပေါ့] Youtube မှာ iPhone အကြောင်း Video လေးကြည့်တော့ သူ့ရဲ့ UI (User Interface) ကိုတော်တော်စိတ်ဝင်စားသွားတယ်။ Singapore မှာ iPhone ကလည်းမရောက်သေးဘူး။ ကျွန်တော့်မှာ ဖြစ်ချင်တော့ VPost Account ရှိတာတော်တော်ကြာပြီ။ USA ကော၊ Japan ကောပေါ့။ ဒီ VPost Account က အဲဒီနိုင်ငံက ပစ္စည်းကို Locally ၀ယ်သလိုမျိုး လုပ်ဆောင်ပေးနေတယ်။ ဒါနဲ့ Apple Website ကနေတဆင့် VPost USA Address ကိုသုံးပြီး ကျွန်တော့်ရဲ့ ပထမဆုံး iPhone 2G ကိုစမ်းမှာလိုက်တာ တစ်ပတ်တော့ ရောက်လာပါရော။ ကံကောင်းတာက အဲဒီတုံးက Apple မှာ Compulsory Sing Up လုပ်ရတာမရှိဘူး။ နောက်တစ်ပတ် သူငယ်ချင်းတွေက လိုချင်လို့ မှာလဲမှာရော Apple ဆီကနေ Email တစ်စောင်ရောက်လာပါတယ်။
"We can't deliver to this address anymore!" :P

ဒီကနေစ ကျွန်တော်လဲ iPhone 2G ကို Jailbreak လုပ်တာ၊ Unlock လုပ်တာတွေကို လေ့လာရပါတော့တယ်။ မဟုတ်ရင် သုံးလို့မရဘူးကိုး။ တကယ်သုံးကြည့်တဲ့အခါကြတော့ တခြား Smart Phone တွေနဲ့မတူပဲ သုံးရတာလွယ်ကူတာ၊ Navigation လုပ်တဲ့အခါ Touch Interface က စိတ်တိုင်းကျ တုံ့ပြန်တာ၊ Email ဖတ်ရတာအဆင်ပြေတာ၊ Web Surfing လုပ်ရတာ အဆင်ပြေတာ၊ သီချင်းနားထောင်ချင်ရင် Music Player နောက်တစ်ခုထပ်မသယ်ရတာ၊ Game တွေကို Interface အသစ်နဲ့ဆော့ရတာ စိတ်ဝင်စားဖို့ကောင်းတာရယ်၊ ကျွန်တော်အကြိုက်ဆုံးကတော့ ဖုန်း OS (Operating System) က Crash မဖြစ်သလောက် တည်ငြိမ်တာတွေကြောင့် တော်တော်လေးကြိုက်မိပါတယ်။ ကြိုက်မိတာက ကျွန်တော်တစ်ယောက်တည်းတွင်မက ကမ္ဘာတစ်ခုလုံး လူတော်တော်များများဆိုတော့ ကျွန်တော်တို့ မြန်မာတွေထဲကလည်း တော်တော်များများလေးကိုပါပါတယ်။ ဒါနဲ့ ကျွန်တော်တို့ မြန်မာ Community မှာလဲ iPhone ၀ယ်ပြီဆိုရင် မြန်မာပြည်မှာပြန်သုံးမယ်ဆိုရင် Jailbreak နဲ့ Unlock က မဖြစ်မနေလုပ်မှရမှာဆိုတော့ တော်တော်များများက ဒီအကြောင်းကို သိချင်လာကြပါတယ်။ ကဲလေလည်းတော်တော်ရှည်ပြီ။ Jailbreak နဲ့ Unlock ဆိုတာကို လေ့လာကြည့်ကြရအောင်။

ဘာကြောင့် Jailbreak လုပ်ကြတာလဲ၊ Jailbreak ဆိုတာဘာလဲ
iPhone ကြောင့် ဒီစကားလုံးတွေ ပေါ်လာတာပါ။ iPhone ကိုစရောင်းကတည်းက Apple က၊ တခြား Third Party Software တွေကို အသုံးပြုခွင့်မပေးပါဘူး။ iPhone ကိုဒီတိုင်း OTB [Out of the Box] သုံးရင် တခြားသူတွေ ဘာကြောင့်ဒီဖုန်းကို ဒီလောက်ကြိုက်ကြတာလဲဆိုတာကို စဉ်းစားရခက်နိုင်ပါတယ်။ iPhone ရဲ့အအောင်မြင်ဆုံး နည်းဗျူဟာထဲမှာ Application Store ဟာထိပ်ထဲကပါ။ Application Developer တွေဟာ Apple ရဲ့ တော်တော်လေးလွယ်ကူအောင်လုပ်ထားပေးတဲ့ API ကိုအသုံးပြုပြီး တော်ရုံတန်ရုံ IT/Program Knowledge ရှိသူဟာ iPhone Application ကိုပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီ Application ကို Apple က အတည်ပြုမှ Application Store မှာမြင်နိုင်မှာပါ။
Jailbreak အကြောင်းကိုဆက်လိုက်ကြရအောင်။ သူရဲ့စကားလုံးအတိုင်းပဲ ရည်ရွယ်ချက်က Apple က ဒီ iPhone ကိုတခြားအပြင်က Software/Application တွေကိုထည့်လို့မရအောင်လုပ်ထားတော့ ထောင်ချထားတာနဲ့သူနေပါတယ်။ အဲဒါကို ရချင်ရင်တော့ ထောင်ဖောက်မှရပါမယ်၊ ဒါ Jailbreak ပါ။ Jailbreak လုပ်ကြတာ အဓိက ရည်ရွယ်ချက်နှစ်ခုရှိပါတယ်။ တစ်ခုက အသုံးဝင်တဲ့ Application တွေကိုထည့်သွင်းနိုင်ဖို့ပါ။ ဥပမာ - iPhone မှာ ဗမာစာ ဖတ်လို့၊ရိုက်လို့ရအောင် လုပ်တာ။ ThirdParty တွေ Develop လုပ်ထားတဲ့ Application တွေကိုထည့်သွင်းချင်တာ။
ဒါပေမယ့် အဓိကရည်ရွယ်ချက်၊အများစုလုပ်ကြတာကတော့ Application တွေကို အလကား ထည့်သွင်းချင်ကြလို့ပါ။
iPhone Apps တွေကို iTunes ကနေတဆင့် ၀ယ်ယူလို့ရပါတယ်။ ဒါပေမယ့် CopyRight Law ကြောင့် နိုင်ငံတိုင်းမှာ iTunes Account ဖွင့်လို့မရပါဘူး။

ဒါကိုပိုပြီးနားလည်အောင် ကျွန်တော်ရဲ့ iPhone 2G ဇာတ်လမ်းကို ပြန်ကောက်မှရပါမယ်။ ကျွန်တော် iPhone 2G ကိုသုံးတော့ Singapore မှာ iTunes Account ဖွင့်လို့မရပါဘူး။ Apple ရဲ့ပြဿနာတစ်ခုက Apps Store ထဲက Free Application ကိုတောင် iTunes Account မရှိရင် Download လုပ်လို့မရပါဘူး။ ဒီတော့ ဒီပြဿနာကြောင့် လူတွေကို Jailbreak လုပ်အောင်တွန်းအားပေးသလိုဖြစ်တာကြောင့် ဒီ Jailbreak ဆိုတာပေါ်လာရတာပါ။ အခုတော့ Singapore မှာ iTunes Account ဖွင့်လို့ရပါပြီ။ ဒါပေမယ့် ဗမာပြည်မှာကြတော့ မရှိသေးပြန်ပါဘူး။ ကျွန်တော်များရဲ့ ရွှေညီအစ်ကိုများကလည်း iPhone ကိုတော်တော်လေးသုံးကြပါတယ်။ စိတ်တော့မပျက်ပါနဲ့။ ဒီပြဿနာက iPhone စတင်တဲ့ America မှာတောင်တော်တော်လေးကြီးပါတယ်။ Apple က AT&T တစ်ခုတည်းနဲ့ရောင်းဖို့ Verizon လိုင်းသုံးတဲ့သူတွေက Jailbreak တွေ၊ Unlock တွေလုပ်ရပြီပေါ့။ ဗမာပြည်မှာ သုံးမယ်၊ Application တွေသုံးချင်တယ်ဆိုရင်တော့ မိတ်ဆွေ၊ ဆက်ဖက်တော့၊ No Choice - Jailbreak လုပ်မှပဲရမယ်။

နောက်ထပ် Jailbreak လုပ်ရင်အားသာတာတစ်ခုက Apple ရဲ့ iTune Store မှာရှိတဲ့ Application တွေကို အလကားထည့်လို့ရပါတယ်။ တစ်ချို့ Apps တွေဆိုတစ်ခုကို US$ 499 လောက်တောင်ရှိတယ်။ တစ်ချို့နာမည်ကြီး Game တွေက တစ်ခုကို US$ 4.99 လောက်ရှိတယ်။ ဒါပေမယ့် Application တွေကအများကြီး၊ iPhone ကလည်း 8GB, 16GB, 32GB ရှိတော့ တော်တော်များများကလည်း Apps တွေအများကြီးလိုချင်ကြတယ်။ ဒီတော့ Jailbreak လုပ်၊ Apps တွေအလကားသွင်း၊ Apple ကလွဲရင်လူတော်တော်များများအတွက် အဆင်ပြေပါတယ်။ ဒါဆိုရင်တော့ Jailbreak ဆိုတာဘာလဲဆိုတာတော့ သိလောက်ပါပြီထင်တယ်။ ဘာကြောင့် Jailbreak လုပ်ကြတာလဲဆိုတာကောပေါ့။
ဘယ်လို Jailbreak လုပ်ရမလဲဆိုတာကို ကျွန်တော်အောက်မှာရှင်းပြပါမယ့်။


iPhone ကိုဘယ်လို Jailbreak လုပ်မလဲ? [iOS 4.0, 4.0.1]
အရင် Jailbreak လုပ်ရိုးလုပ်စဉ်တွေက တော်တော်ခက်ပေမဲ့ အခုနောက်ဆုံးထွက်တဲ့ Jailbreak နည်းကတော့ အတော်လေးလွယ်ပါတယ်။
မိတ်ဆွေရဲ့ iPhone ကနေ Safari Browser ကိုဖွင့်လိုက်ပါ[ဒီနည်းက နောက်ဆုံး iOS 4.0, 4.0.1 အတွက်ပါ] WiFi ချိတ်ထားရင် ပိုမြန်ပေမယ့် 3G, Edge Network မှာလည်းအဆင်ပြေပါတယ်။
Browser Address ထဲမှာ http://jailbrekme.com ဆိုပြီးရိုက်ထည့်လိုက်ပါ။

[ဒီမှာကတော့ ကျွန်တော်က Jailbreak လုပ်ပြီးသားဖြစ်လို့ Error ပေါ်နေတာပါ။ မဟုတ်ရင် အောက်က ပုံလိုပေါ်နေပါမယ်။ iClarified က ပုံကိုယူပြီး အမှန်ဘယ်လိုပေါ်နေမယ်ဆိုတာ ပြထားပေးပါတယ်။]

မိတ်ဆွေရဲ့ဖုန်းမှာ ဒီလိုမြင်ရပါမယ်။
Slide to jailbreak ကိုရွေးလိုက်ပါ။
ဒါဆိုရင် Jailbreak ကို Download နေတာမြင်ရပါမယ်။
Download လုပ်ပြီးသွားရင် Install လုပ်ပါမယ်။ သူ့ဟာသူပဲ လုပ်သွားပါလိမ့်မယ်။

ပြီးသွားရင်တော့ ဒီပုံမျိုးကိုမြင်ရပါမယ်။ Cydia ကို Install လုပ်ပြီးသွားပြီဆိုတာ အကြောင်းကြားပြီး - မိတ်ဆွေ အောင်မြင်စွာ Jailbreak လုပ်ပြီးသွားပါပြီ။

No comments:

Post a Comment